Taifreedom

ကျေးရွာတံတားဆောက်မည့်ဘတ်ဂျတ်ငွေ သိန်း ၃၀ ထဲက ၇ သိန်းကျော် အဖြတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ် တုန်ဟုန်းကျေးရွာအုပ်စု တုန်ဟုန်းကျေးရွာတွင် ကျေးရွာတွင်း တံတားဆောက်မည့် ဘတ်ဂျတ်ငွေ သိန်း ၃၀ ထဲမှ ၇ သိန်းကျော် အဖြတ်ခံခဲ့ရကြောင်း သတင်းရရှိ။

ခိုလမ်မြို့နယ် တုန်ဟုန်းကျေးရွာကို ဖြတ်၍ ဖောက်လုပ်ထားသော လမ်းများ၌ ကုန်တင်ကားများ ဖြတ်သန်းသွားလာလျှက်ရှိသောကြောင့် သွားလာရလွယ်ကူစေရန် တုန်ဟုန်း ကျေးရွာဒေသခံများမှ တံတားဆောက်မည့် အကြောင်းကို မှတ်တမ်းများနှင့်တကွ ခိုလမ်မြို့နယ်ထွေအုပ်ရုံးထံ စာလွှာတင်သွင်းထားပြီး ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် တံတားဆောက်မည့် ဘတ်ဂျတ်ငွေ သိန်း ၃၀ ရရှိကြောင်း နှင့် ၎င်းဘတ်ဂျတ်ငွေကို နမ့်စန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ထုတ်ယူရန် ခိုလမ်မြို့နယ် ထွေအုပ်ရုံးတာဝန်ရှိသူမှ အကြောင်းကြား လာသောကြောင့် တုန်ဟုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ကိုယ်တိုင် နမ့်စန်မြို့ မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ထုတ်ယူရာတွင် တံတားဆောက်မည့် ဘတ်ဂျတ်ငွေ သိန်း ၃၀ ထဲမှ နမ့်စန်မြို့ မြန်မာ့စီးပွားရေးဘဏ်က ၉၅၀၀ (ကိုးသောင်းငါးထောင်) ကျပ် ၊ နမ့်စန်မြို့နယ် ထွေအုပ်ရုံး ရုံးစာရေးမှ ၁၁၅၀၀၀ (တစ်သိန်းတစ်သောင်းငါးထောင်) ကျပ် ၊ ခိုလမ်မြို့နယ် ထွေအုပ်ရုံး ရုံးစာရေးမှ ဓါတ်ပုံ၊ဗီဒီယိုမှတ်တမ်းနှင့် လမ်းစရိတ်ဖိုးဟု ပြောဆိုကာ ၅၀၀၀၀၀ (ငါးသိန်း) ကျပ် စုစုပေါင်း ၇၀၅၅၀၀ (ခုနစ်သိန်းငါးထောင်ငါးရာ) ကျပ်ကို သက်ဆိုင်ရာ ရုံးစာရေးများမှ ဖြတ်ယူထားကြောင်း သိရသည်။


တံတားဆောက်ရာတွင် ကုန်ကျစရိတ်မည်မျှရှိမည်ကို မသိရခင်မှာ နိုင်ငံတော်မှ ပေးပို့လာသော ဘတ်ဂျတ်ငွေ သိန်း ၃၀ ထဲမှ ၇ သိန်းကျော်ကို အဖြတ်ခံနေရပြီ ၊ တံတားဆောက်နေစဉ် ဘတ်ဂျတ်ငွေ မလုံလောက်မှာကို စိုးရိမ်နေရကြောင်း တုန်ဟုန်းကျေးရွာ ဒေသခံများက ညည်းတွားပြောဆို နေကြကြောင်း သိရှိရသည်။

ခိုလမ်မြို့နယ် တုန်ဟုန်းကျေးရွာရှိ လမ်းများမှာ ကုန်တင်ကားများ ဖြတ်သွားဖြတ်လာ လျှက်ရှိသောကြောင့် လမ်းများ တံတားများ မကြာခဏ ပျက်စီးလျှက်ရှိကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း ကျေးရွာတံတားဆောက်မည့်ဘတ်ဂျတ်ငွေ သိန်း ၃၀ ထဲက ၇ သိန်းကျော် အဖြတ်ခံရ