Taifreedom

RCSS ၏ ပညာရေးကဏ္ဍအတွက် မူဆယ်မြို့နေ စေတနာရှင် ၃ ဦးမှ ေငွကျပ် ၄ သိန်းကျော် လှူဒါန်း

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နေ စေတနာရှင် ၃ ဦး စုပေါင်း၍ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ၏ ပညာရေးကဏ္ဍအတွက် ငွေကျပ် ၄ သိန်းကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။



စေတနာရှင်များမှာဖြစ်ကြသော မူဆယ်မြို့နေ လုံးစိုင်းဆမ်မှ အလှူငွေကျပ် ၃၀၀၀၀၀ (သုံးသိန်း)ကျပ် ၊ မူဆယ်မြို့ ကောင်းနားရပ်ကွက်နေ နန်းဆိုင်လောဝ်မှ အလှူငွေ ၆၀၀၀၀ (ခြောက်သောင်းကျပ်) နှင့် ပါဖိန်းမှ အလှူငွေ ၆၀၀၀၀ (ခြောက်သောင်း) ကျပ် စုစုပေါင်း အလှူငွေ ၄၂၀၀၀၀ (လေးသိန်းနှစ်သောင်း) ကျပ်ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ပညာရေးမြှင့်တင်မှုတွင် အသုံးပြုသွားနိုင်ရန်အတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က မူဆယ်မြို့ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) စီးပွားရေးရုံးတာဝန်ခံ ဗိုလ်ကြီး မွန်ဆေးထံ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

မူဆယ်မြို့နေ စေတနာရှင် ၃ ဦး၏ ဆန္ဒအတိုင်း လှူဒါန်းပေးအပ်ခဲ့သော အလှူငွေ ၄၂၀၀၀၀ ကို မူဆယ်မြို့ စီးပွားရေးဆက်ဆံရေးရုံး တာဝန်ရှိသူမှတဆင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ လွိုင်တိုင်းလျဲန်း သျှမ်းအမျိုးသားကျောင်းတာဝန်ခံထံ လွှဲပြောင်းပေးအပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း RCSS ၏ ပညာရေးကဏ္ဍအတွက် မူဆယ်မြို့နေ စေတနာရှင် ၃ ဦးမှ ေငွကျပ် ၄ သိန်းကျော် လှူဒါန်း

နောက်ဆုံးသတင်းများ