Taifreedom

လားရှိုးမြို့ UWSA ဆက်ဆံရေးရုံးရိုက်ချိုးဖျက်စီးခံရမှုနှင့်ပတ်သက်ပြီး လားရှိုးမြို့ရဲတပ်ဖွဲ့ အနေနှင့် ပြန်လည်တောင်းပန်ရန် UWSA မှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ သို့လိပ်မှု ကာတောင်းဆိုခဲ့

လားရှိုးမြို့ UWSA ဝတပ်ဖွဲ့ရဲ့ ဆက်ဆံရေးရုံးအား ဆက်ဆံရေးရုံးတာဝန်ခံမရှိခိုက်တွင် လားရှိုးမြို့ ရဲတပ်ဖွဲ့မှ တံခါးအားဖျက်စီးဝင်ရောက်ရှာဖွေစစ်ဆေးမှုပြုခြင်းနှင့်ပတ်သက်ပြီး တရားဥပဒေ နှင့်မကိုက်ညီ ဟုဆိုကာ UWSA မှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရသို့လိပ်မှုကာ  ရှုံ့ချကန့်ကွက်စာပေးပို့ခဲ့ကြောင်းသိရှိရပါသည်

ဖြစ်စဉ်မှာ ဧပရယ် ၈ ရက် ၂၀၁၇ တွင် လားရှိုးမြို့တွင် ဖြစ်ပြီး ဧပရယ် ၉ ရက် ၂၀၁၇ တွင် UWSA မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရအား လိပ်မှုကာရှုံ့ချကန့်ကွက်စာပို့ခဲ့တာဖြစ်ပြီး ကန့်ကွက် စာတွင်လားရှိုးမြို့ရဲတပ်ဖွဲ့အနေနှင့်  နှစ်ဖက်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကိုထိခိုက်စေ မည့်အ ပြုအမှုများ ထပ်မံမပြုလုပ်ရန်နှင့်  အပြုသဘောဆောင်နည်းလမ်းများဖြင့် နှစ်ဖက်အငြင်းပွားမှုကို ဖြေရှင်းရန်အတွက် တိုက်တွန်းထားပြီး တဆက်ထဲတွင် UWSA  ဝ တပ်ဖွဲ့ရဲ့ လားရှိုးမြို့ ဆက်ဆံ ရေးရုံးအားရိုက်ချိုး ဖျက်စီးမှုအတွက် လားရှိုးမြို့ ရဲတပ်ဖွဲ့အနေဖြင့် UWSA အား ပြန်လည်တောင်း ပန်ရန် နှင့်ပြသနာအားမချဲ့ကားရန် ဂတိဝန်ခံမှုပြုရမည်ဟုပါရှိကာ သို့မဟုတ်ပါက UWSA အနေ ဖြင့် လိုအပ်သည့်မည်သည့်တုန့်ပြန်မှုမျိုးကိုမဆို ပြုလုပ်ပိုင်ခွင့်ရှိကြောင်း  ရှုံ့ချကန့်ကွက်စာတွင် အတည့်အလင်းရေးသားထားကြောင်းသိရိပါသည်

ရှုံ့ချကန့်ကွက်စာ၏အောက်တွင် မြန်မာနိုင်ငံအထူးဒေသ(၂) ဝ ပြည်နယ်ပြည်သူ့အစိုးရ ၂၀၁၇ခုနှစ် ဧပြီလ ၉ ရက်ဟုပါရှိပြီး UWSA  ရဲ့တံဆိပ်တုံးအတည့်အလင်းရိုက်နှိပ်ထားကြောင်းသိရှိရသည်

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း လားရှိုးမြို့ UWSA ဆက်ဆံရေးရုံးရိုက်ချိုးဖျက်စီးခံရမှုနှင့်ပတ်သက်ပြီး လားရှိုးမြို့ရဲတပ်ဖွဲ့ အနေနှင့် ပြန်လည်တောင်းပန်ရန် UWSA မှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ သို့လိပ်မှု ကာတောင်းဆိုခဲ့