Taifreedom

RCSS မှ အပတ်စဉ်(၁) အထွေထွေလူထုအုပ်ချုပ်ရေးသင်တန်းဆင်းပွဲကျင်းပ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS မှ မတ်လ ၁၂ ရက် ၂၀၁၇ တွင် ဖွင့်လစ်တဲ့ အထွေထွေလူထုအုပ်ချုပ်ရေးသင်တန်းကို ဧပရယ်လ ၁၀ ရက်နေ့ ၂၀၁၇ တွင်သင်တန်းဆင်းပွဲ ကျင်းပ ခဲ့ကြောင်း သိရှိရပါသည် 

လွိုင်တိုင်းလိုင်းဌာနချုပ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS မှ ဖွင့်လစ်လိုက်တဲ့ အပတ်စဉ်(၁) အထွေထွေလူထုအုပ်ချုပ်ရေးသင်တန်းဆင်းပွဲကို  မနက် ၉ နာရီတွင် စတင်ကျင်း ပခဲ့ကာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်ဆစ် ၊ ဒု ဥက္ကဌ-၁ ဒုဗိုလ်ချုပ်ကြီး စိုင်းယီ၊ ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးခေးငင်း၊  သျှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင် စီ RCSS အတွင်းရေးမှုး-၃  ဒုဗိုလ်မှုးကြီးစိုင်းငင်း၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီRCSS ပြည်ထဲရေးဌာနမှလက်ထောက်ညွန်ကြားရေးမှုး  ဒုဗိုလ်မှုးကြီး ခေးဗျူ နှင့် တာဝန်ရှိဌာန ဆိုင်ရာပုဂ္ဂိုလ်များစုစုပေါင်း ၃၁၉ ယောက်တက်ရောက်အားပေးခဲ့ကြောင်းသိရှိရပါသည်

သင်တန်းဆင်းပွဲတွင်သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ် ကြီး ယွက်ဆစ်မှ အမှာစကားပြောကြားခဲ့ကြောင်း အမှာစကားတွင် သင်တန်းမှ ရရှိလာတဲ့ လုပ်နည်း လုပ်ဟန်များနှင့်အညီ တာဝန်ကျရာဒေသအတွင်းအခြအနေကိုသုံးသပ်ပြီးအချိန်နှင့် တပြေးညီ ပြုပြင်ပြောင်းလဲ နိုင်ရန်၊ အစဉ်ပြောင်းလဲနေတဲ့အခြေအနေကိုအမှီလိုက်နိုင်ရန်နှင့် အခြေအနေနှင့် ကိုက်ညီအောင်ပြုပြင်ပြောင်းလဲနိုင်ရန်နှင့် အဓိကအားဖြင့် စိတ်ဓါတ်အရင်းခံတဲ့အတွေးအခေါ်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်ကူညီတည်ဆောက်နိုင်ရန်တို့ ရည်ရွယ်ကြောင်းပြောကြားခဲ့ သည်ဟုသိရှိ ရပါသည်။ 

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS မှလွိုင်တိုင်းလိုင်းဌာနချုပ် အပတ်စဉ်(၁) အဖြစ် ဖွင့်လစ်လိုက်တဲ့အထွေထွေလူထုအုပ်ချုပ်ရေးသင်တန်းတွင် ဒေသခံသျှမ်းလူထုများလဲ လေ့လာ သူအဖြစ်တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း RCSS မှ အပတ်စဉ်(၁) အထွေထွေလူထုအုပ်ချုပ်ရေးသင်တန်းဆင်းပွဲကျင်းပ

နောက်ဆုံးသတင်းများ