Taifreedom

ကျောက်မီးသွေးတူးဖေါ်နေမှုကို တစ်လအတွင်း ရပ်တန့်ရုပ်သိမ်းပေးမည်ဟု ဟိန်းမေတ္တာ ဂုမ္ပဏီမှ မိုင်းကိုင်မြို့နယ် ဒေသခံလူထုအား ကတိပေး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင့်မြို့နယ်တွင် ကျောက်မီးသွေး တူးဖေါ်နေသည့် ဟိန်းမေတ္တာ ဂုမ္ပဏီမှ မိုင်းကိုင်မြို့နယ်ရှိ ဒေသခံလူထု၊ မြို့နယ်သံဃာတော်နှင့် လယ်သမားများအား ၎င်းတို့ တူးဖေါ်နေ သည့် ကျောက်မီးသွေး လုပ်ငန်းများအား တစ်လအတွင်း ရပ်ဆိုင်းရုပ်သိမ်း ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်

ဧပရယ် ၁၃ ရက် ၂၀၁၇ တွင် ညနေ ၆ နာရီတွင် ဟိန်းမေတ္တာ ဂုမ္ပဏီမှ ဦးသုဝေ ဦးဆောင်ပြီး တာဝန်ရှိ ဂုမ္ပဏီကိုယ်စားလှယ် ၈ ဦးတို့ မိုင်းကိုင်မြို့နယ်ရှိ ဒေသခံလူထု၊ မြို့နယ်သံဃာတော်နှင့် လယ်သမားများ မိုင်းကိုင်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် (SNLD) လုံးစိုင်းလုံနှင့် ကျေးရွာရပ်ကွက်လူးကြီးများအား မိုင်းကိုင်မြို့ ရပ်ကွက် ၄ ရှိ ကျောင်းကန် ဘုန်းတော်ကြီး ကျောင်း တွင် သွားရောက်တွေ့ဆုံကာ မိုင်းကိုင်မြို့နယ်တွင် ကျောက်မီးသွေးတူးဖေါ်နေသည့် ၎င်းဂုမ္ပဏီမှ ပြုလုပ်နေသည့်ကျောက်မီးသွေးတူးဖေါ်နေခြင်းကို တစ်လအတွင်းရပ်ဆိုင်းရုပ်သိမ်း ပေးမည်ဖြစ် ကြောင်း ကတိပေးခဲ့ကြောင်းသိရှိရပါသည်

လုပ်ငန်းမရုပ်သိမ်းမီတစ်လအတွင်းတွင် ဆက်လက်တူးဖေါ်ခွင့်ပြုရန် ဦးသုဝေ မှ တောင်းဆိုခဲ့သော် လဲ ဒေသခံနှင့် မြို့နယ်သံဃာတော်များမှခွင့်မပြုကြောင်းနှင့် ဒေသခံလူထု မှနောက်နှောင်တွင် ဟိန်းမေတ္တာဂုမ္ပဏီအနေနှင့် မိုင်းကိုင်မြို့နယ်တွင်တကျော့ပြန်ကျောက်မီး သွေးပြန်လည်တူး ဖေါ်ခြင်း မပြုပဆိုသည့် ဝန်ခံကတိလက်မှတ်ထိုးရန်တောင်းဆိုခဲ့ပြီး  ဦးသုဝေ မှ ဟိန်းမေတ္တာ ဂုမ္ပဏီအနေ နှင့် မစိုးရထံတွင်ခွင့်ပြုချက်ရယူပြီး အစိုးရထံတွင် လက်မှတ်ထိုးထားပြီးဖြစ်သည့်အ တွက်လက်မှတ်ထိုးရန်ငြင်းဆိုခဲ့ကြောင်းနှင့် မိမိဂုမ္ပဏီမှ ကျောက်မီးသွေးတူးဖေါ်ခြင်းကိုရပ်ဆိုင်း ရုပ်သိမ်းပေးပေမယ့်လဲ အစိုးရအနေနှင့် အခြား ဂုမ္ပဏီနှင့် အဖွဲ့များကိုဆက်လက်ခွင့်ပြုနိုင်ကြောင်း ဆက်လက်ပြာ ကြားခဲ့ ကြောင်း သိရသည် 

စိုးရအနေနှင့် ပြည်သူလူထုထံမှ အခွန်အခများကောက်ခံသုံးစွဲနေသည့်အတွက် ဒီမိုကရေစီအစိုး ရဖြစ်သည့်အလျှောက် ပြည်သူလူထုရဲ့ လိုအပ်ချက်ကို ဦးစားပေးနားထောင်ရမှာဖြစ်ပြီး အကယ်၍ အစိုးရက လူထုရဲ့အသံနှင့်လိုအပ်ချက်တွေကိုလစ်လျှုရှုခဲ့လျှင် ၎င်းအစိုးဟာ ပြည်သူထုအပေါ် အကြွေးများတင်နေပြီဟု ဒေသခံလူထုနှင့်သံဃာတော် များမှ ဦးသုဝေ ရဲ့ပြောဆိုချက်ကို  ပြန် လည်ပြောဆိုတုံ့ပြန်ခဲ့ကြောင်းသိရှိရပါသည်

ဟိန်းမေတ္တာဂုမ္ပဏီအား ဒေသခံလူထု ၄၀၀၀ ကျော်မှ ဆန္ဒပြကန့်ကွက်ပြီးနောက်ပိုင်းရက်အနည်း တွင် ယခုလို ဒေသခံလူထုနှင့်တွေ့ဆုံကာဟိန်းမေတ္တာဂုမ္ပဏီမှ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင် မြို့နယ်တွင်ကျောက်မီးသွေးတူးနေခြင်းကိုရပ်တန့်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း ကျောက်မီးသွေးတူးဖေါ်နေမှုကို တစ်လအတွင်း ရပ်တန့်ရုပ်သိမ်းပေးမည်ဟု ဟိန်းမေတ္တာ ဂုမ္ပဏီမှ မိုင်းကိုင်မြို့နယ် ဒေသခံလူထုအား ကတိပေး