Taifreedom

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)မှ ပထမအကြိမ် အမျိုးသားပညာရေးအစည်း အဝေးကျင်းပ

သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ပေါ်လစီနှင့်အညီ အနာဂါတ်သျှမ်းလူငယ်များ ပညာရေးဆိုင်ရာ ကိစ္စရပ်များဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီး သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ဌာနချုပ် လွိုင်တိုင်းလျန်းတွင် ပညာရေးဆိုင်ရာ အစည်းအဝေးတရပ်ကျင်း ပခဲ့ကြောင်း သိရှိ ရပါသည်

အစည်းအဝေးကို ဒုတိယအကြိမ် သျှမ်းအမျိုးသားကျောင်း ဆရာဖြစ်သင်တန်းဆင်းပွဲ နှင့်အတူကျင်းပခဲ့တာဖြစ်ပြီး ဧပြီလ ၁၈ နှင့် ၁၉ ရက် ၂ ရက်ကြာကျင်းပခဲ့ကြောင်းသိရှိရသည်။ အစည်းအဝေးပွဲကို သျှမ်း ပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်နှင့် ဒု-ဥက္ကဌ-၁ ဒုဗိုလ်ချု့ပ် ကြီး စိုင်းယီ၊ ဒု-ဥက္ကဌ-၂ ဗိုလ်ချု့ပ် ခေးငင်းတို့တက်ရောက်ခဲ့ကြောင်းနှင့် အစည်းအဝေးတွင် သျှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်မှ ပညာရေးဟာ အဖွဲ့ အစည်းရဲ့ ရည်မှန်းချက်တစ်ခုဖြစ်ပြီး ပညာရေးအလုပ်အမှုဆောင်ဖွဲ့စည်းသွားရန်နှင့် အနာ ဂါတ် တွင်အမျိုး သားကျောင်းပညာရေးကဏ္ဍများတိုးတက်လာအောင် ပညာရေးပေါ်လစီများ ချမှတ်ရေး ဆွဲသွားနိုင်ရန်အတွက် အကြံညာဏ်ပေး ပြောကြားသွားခဲ့ကြောင်းသိရှိရပါသည်

အစည်းအဝေးတွင် အမျိုးသားကျောင်းနှင့် ပညာရေးကဏ္ဍကိစ္စရပ်များကို တာဝန်ရှပုဂ္ဂိုလ်များနှင့် ဆရာ၊ ဆရာမ များမှ  ၂၀၁၁၂ မှ ၁၀၁၆ အတွင်းကြုံတွေ့ ဖြတ်သန်းခဲ့ရသည့် အမျိုးသားကျောင်း ပညာရေးရဲ့လိုအပ်ချက်များနှင့် အခက်အခဲများအားအသီးသီးဆွေးနွေးအကြံပြုတင်ပြကြကြောင်း သိရှိရပါသည်။ အစည်းအဝေးတွင် အသစ်ပြန်လည်ရေးဆွဲသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)ရဲ့ ပညာရေး မှုပေါ်လစီများကိုပြန်လည်စီစစ်သုံးသပ်ခဲ့ကြပြီး  သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဌဗိုလ်ချုပ်ကြီးယွက်ဆစ်မှ တရားဝင်အတည်ပြု ပေးခဲ့ ကြောင်း သိရှိရသည်

အသစ်ပြန်လည်ရေးဆွဲသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)ရဲ့ ပညာရေး မှုပေါ်လစီအရ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ပညာရေးအလှုပ်အမှု ဆောင် အဖွဲ့ ၃ ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း  အထက်တန်း ပညာရေးအလှုပ်အမှု ဆောင်၊ အလယ်တန်း ပညာ ရေးအလှုပ်အမှု ဆောင် နှင့် မှုလတန်း ပညာရေးအလှုပ်အမှု ဆောင် တို့ဖြစ်ကြောင်းသိရှိ ရပါသည်

Taifreedom

 

 

 

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)မှ ပထမအကြိမ် အမျိုးသားပညာရေးအစည်း အဝေးကျင်းပ