Taifreedom

JMC-U ရဲ့ ၁၀ ကြိမ်မြောက်အစည်းအဝေး ရန်ကုန်မြို့ NRPC တွင်ကျင်းပ

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ရဲ့ ၁၀ ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှာ ကျင်းပခဲ့ကြောင်း။


ထိုအစည်းအဝေးတွင် JMC-U ၏ ၂၀၁၇ ပထမအကြိမ် ၃ လပတ် အစီရင်ခံစာကို ဆွေးနွေးတင်ပြပြီး   ရပ်ကွက်/ကျေးရွာအလိုက် စောင့်ကြည့်လုပ်ငန်း ဆောင်ရွက်မယ့် နှစ်ဖက်လက်ခံတဲ့ ဒေသခံများရဲ့ လုပ်ငန်း လမ်းညွှန်မှု ကိစ္စရပ်များ ၊ JMC-S ရုံးသို့ ရန်ပုံငွေ ခွဲဝေလွှဲပြောင်းရေး ကိစ္စရပ်များ နှင့်  JMC-U ရုံးအဆောက်အဦးနဲ့ ရုံးဝန်ထမ်းတွေရဲ့ လုံခြုံရေးဆိုင်ရာ လမ်းညွှန်မှုတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။

လုံခြုံရေးဆိုင်ရာလုပ်ငန်းလမ်းစဉ် မူကြမ်းကို အတည်ပြုရန် ၊ တိုင်ကြားချက်စီမံခန့်ခွဲမှုစနစ် (Complaint Managenent System – CMS) ၊ JMC-L ၏ ဖွဲ့စည်းပုံ ၊ မြေမြုပ်မိုင်းအန္တရာယ် ရှင်းလင်းရေး (Demining) ၊ လှုပ်ရှားရာနယ်မြေ ပိုင်းခြား သတ်မှတ်ခြင်း အတည်ပြုရန် (Demarcation) ၊ သျှမ်းပြည်နယ်အတွင်း JMC-S  ရုံးအသစ် ဖွင့်လှစ်နိုင်ရန် ၊ JMC-U အဖွဲ့ဝင်များမှ  တနင်္သာရီတိုင်း JMC-S နှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးမည့်ကိစ္စရပ်များ ၊ JMC-U  အဖွဲ့ဝင်များ ဖိလစ်ပိုင်နိုင်ငံသို့ ငြိမ်းချမ်းရေးဖြစ်စဉ် အကြောင်းသွားရောက်လေ့လာနိုင်ရန် ၊ JMC, TSC, JMC-S အကြောင်းတို့ကို ဆွေးနွေး ကြမယ်လို့ သိရပါသည်။
   
၉ ကြိမ်မြောက် နှင့် ၁၀ ကြိမ်မြောက် အစည်းအဝေးကြား ပစ်ခတ်ရပ်စဲရေးဆိုင်ရာ လုပ်ငန်းများ ဘယ်လောက်အထိ အကောင်အထည် ဖော်နိုင်ပြီးဖြစ်ကြောင်း ၊ JMC-U ရဲ့လာမယ့် ၁၁ ကြိမ်မြောက် အစည်းဝေးအတွက် နေ့ရက် ၊ လ နှင့် နေရာတို့ကို အတည်ပြုသတ်မှတ်ရေး တို့ကို  ဆွေးနွေးကြကြောင်း သိရပါသည်။

JMC-U ရဲ့ ၁၀ ကြိမ်မြောက်အစည်းအဝေးကို မေလ ၃ ရက်နေ့ မှ ၅ ရက်နေ့အထိ ၃ ရက်တာ ကျင်းပ သွားမှာဖြစ်ပြီး ထိုအစည်းအဝေးသို့  JMC-U ရဲ့ ဥက္ကဌဖြစ်တဲ့ ဒုဗိုလ်မှူးကြီး ရာပြည့် ၊ JMC-U ဒုဥက္ကဌ-၁ ဗိုလ်ချုပ် စောအိုက်သက်မိုး ၊ JMC-U ဒုဥက္ကဌ-၂ ဦးမောင်မောင်ငြိမ်း တို့ တက်ရောက်ခဲ့ ပါသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း JMC-U ရဲ့ ၁၀ ကြိမ်မြောက်အစည်းအဝေး ရန်ကုန်မြို့ NRPC တွင်ကျင်းပ