Taifreedom

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ နှစ်ပတ်လည်အစည်းအဝေးကို ထိုင်းနိုင်ငံတွင် ကျင်းပ

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့ နှစ်ပတ်လည်အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂၀၁၇ ခုနှစ် မေလ ၄ ရက်နေ့ မှ ၅ ရက်နေ့ ထိ ၂ ရက်တာ ကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါသည်။



ထိုအစည်းအဝေးသို့ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် နှင့် ဒုဥက္ကဌ-၁ ဒုဗိုလ်ချုပ်ကြီး စိုင်းယီ ဦးဆောင်သော RCSS အဖွဲ့ဝင်များ ၊  သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး ဦးဆောင်သော SSJAC အဖွဲ့ဝင်များ ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဌ လုံးစိုင်းအိုက်ပေါင်း ဦးဆောင်သော SNDP အဖွဲ့ဝင်များ ၊ လုံးစိုင်းဆမ်တစ်ဆေ ဦးဆောင်သော သျှမ်းပြည်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ESSDDP အဖွဲ့ဝင်များ ၊ သျှမ်းလူငယ်အဖွဲ့အစည်း TYO မှ ကိုယ်စားလှယ်များ ၊ သျှမ်းလူငယ်ကွန်ယက်  TYN မှ ကိုယ်စားလှယ်များ ၊ သျှမ်းလူ့အဖွဲ့အစည်း Shan-CBOs (Thai) ၊ ထိုင်းနိုင်ငံသျှမ်းလူမှု အဖွဲ့အစည်း နှင့် သျှမ်းလူငယ်မျိုးဆက်သစ်များ the New Generation Shan State (NG-SS) အစရှိသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ပေါင်း ၆၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်းသိရပါသည်။

အစည်းအဝေးတွင် CSSU ဥက္ကဌ ဦးခွန်ထွန်းဦး ၊ သျှမ်းပြည်ထူထောင်ရေးကောင်စီ RCSS  ဗိုလ်ချုပ်ကြီး ယွက်ဆစ် နှင့် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဌ လုံးစိုင်းအိုက်ပေါင်းတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့ ယခုနှစ်ပတ်လည် အစည်းအဝေးတွင်  နောင်လာမည့် CSSU ၏ လုပ်ငန်းစဉ်များဆောင်ရွက်ရန်ဆွေးနွေးခြင်း ၊ လွန်ခဲ့သော ၄ နှစ်တာကာလက လုပ်ဆောင်ပြီးစီးခဲ့သော လုပ်ငန်းများကို ပြန်လည်သုံးသပ်ခြင်း ၊ CSSU ၏ လုပ်ငန်းဆောင်တာ များကို ဆန်းစစ်ပြီး လိုအပ်သည်များကို ပြန်လည်ဖြည့်စွက်ခြင်း ၊ ဘဏ္ဍာရေးကဏ္ဍများ ၊ ယခုလက်ရှိ နိုင်ငံတော်၏ နိုင်ငံရေးအခြေအနေ နှင့် သျှမ်းပြည်နိုင်ငံရေး အခြေအနေများ ၊ ၂၁ ရာစု ပင်လုံညီလာခံအကြောင်း သာမက ၂၀၁၇ ခုနှစ် CSSU ဥက္ကဌ ရွေးချယ်တင်မြောက်ရန် နှင့် ဥက္ကဌတာဝန်လွှဲအပ်ခြင်း ကိစ္စရပ်များ ဆွေးနွေးခဲ့တယ်လို့ သိရပါသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ နှစ်ပတ်လည်အစည်းအဝေးကို ထိုင်းနိုင်ငံတွင် ကျင်းပ

နောက်ဆုံးသတင်းများ