Taifreedom

လုံးစိုင်းအိုက်ပေါင်း ဦးဆောင်သော သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီ၏ တာဝန်ရှိပုဂ္ဂိုလ်များ သျှမ်းပြည်တပ်မတော် RCSS/SSA ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းသို့ သွားရောက်လည်ပတ်

လုံးစိုင်းအိုက်ပေါင်း နှင့်အတူ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ပါတီ၏ တာဝန်ရှိပုဂ္ဂိုလ်များသည် သျှမ်းပြည်တပ်မတော် RCSS/SSA ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းရှိ  ကျောင်းသားကျောင်းသူများနှင့် ဆေးရုံတွင်ရှိသော ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြား ခဲ့ကြောင်း။



လုံးစိုင်းအိုက်ပေါင်း ဦးဆောင်သော SNDP ပါတီ၏ တာဝန်ရှိပုဂ္ဂိုလ်များဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ CSSU ၏ တတိယအကြိမ်မြောက် အစည်းအဝေး တက်ရောက်အပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA  ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းသို့ မေလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ နှစ်ရက်တာ သွားရောက်လည်ပတ်ခဲ့ပြီး သျှမ်းပြည်တပ်မတော် RCSS/SSA  ဒုဥက္ကဌ-၂ ဗိုလ်ချုပ် ခေးငင်း မှ တာဝန်ယူလိုက်လံ ပို့ဆောင်ပေးခဲ့ပါသည်။

လုံးစိုင်းအိုက်ပေါင်းနှင့်အတူ သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ် လွယ်တိုင်းလျဲန်းသို့ သွားရောက်ခဲ့ကြသော သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီ၏ တာဝန်ရှိပုဂ္ဂိုလ်များမှာ SNDP ပါတီ၏ ဒုဥက္ကဌ လုံးစိုင်းဆောင်ဆီ ၊ အတွင်းရေးမှူး လုံးစိုင်းလှကျော် ၊ ဒုတိယအတွင်းရေးမှူး လုံးစိုင်းအောင်မြင့်ခိုင် ၊ ဘဏ္ဍာရေးမှ ဒေါက်တာ စိုင်းကျော်အုန်း ၊ ပါတီဝင် နန်းငွေမြ ၊ လုံးစောသန်းမြင့် နှင့် နန်းယိင်းယိင်းဦး တို့ ဖြစ်ကြောင်း သတင်းရရှိပါသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း လုံးစိုင်းအိုက်ပေါင်း ဦးဆောင်သော သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီ၏ တာဝန်ရှိပုဂ္ဂိုလ်များ သျှမ်းပြည်တပ်မတော် RCSS/SSA ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းသို့ သွားရောက်လည်ပတ်