Taifreedom

တရုတ်-ကချင်နယ်စပ် မိုင်းဝမ်းဒေသ နွေရာသီသျှမ်းစာပေသင်တန်းဆင်းပွဲကျင်းပ

တရုတ်-ကချင်နယ်စပ် မိုင်းဝမ်းဒေသရှိ သျှမ်းလူမျိုးများ၏ နွေရာသီ သျှမ်းစာပေနှင့်ယဉ်ကျေးမှု သင်တန်းဆင်းပွဲ ကျင်းပခြင်းအခမ်းအနားကို ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် လွယ်ကျယ်အုပ်စု မန်ကောင်းကျေးရွာ သိုင်ကတ်ယျဲန် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သတင်းရရှိ။

သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ် မေလ ၁၃ ရက်နေ့ နံနက် ၈:၀၀ နာရီမှ  ၁၁:၀၀ နာရီထိကျင်းပခဲ့ရာ သံဃာတော်များနှင့် ကျေးရွာရပ်မိရပ်ဖများ တက်ရောက်ခဲ့ပြီး သိုင်ကတ်ယျဲန် ကျောင်းဆရာတော်မှ ဩဝါဒပေးပြီးနောက် ကျောင်းသားကျောင်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း ၊ ၎င်းနောက် ကျောင်းသားကျောင်းသူများမှ ဧည့်သည်တော်များကို သျှမ်းရိုးရာအကဖြင့် ကပြဖျော်ဖြေပေးခဲ့ ကြောင်း သိရပါသည်။

နွေရာသီ သျှမ်းစာပေနှင့်ယဉ်ကျေးမှု သင်တန်းကို ၂၀၁၇ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် စတင်သင်ကြားခဲ့ကာ ၂၀၁၇ ခုနှစ် မေလ ၃ ရက်နေ့ထိ သင်ကြားခဲ့ပြီး ထိုသင်တန်း၌ သိုင်ကတ်ယျဲန် ကျောင်းဆရာတော်မှ ဦးဆောင်ပြီး ဆရာ ၊ ဆရာမ ၅ ဦးတို့မှ ကျောင်းသားကျောင်းသူများကို သင်ကြားပို့ချခဲ့ပါသည်။

 

Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း တရုတ်-ကချင်နယ်စပ် မိုင်းဝမ်းဒေသ နွေရာသီသျှမ်းစာပေသင်တန်းဆင်းပွဲကျင်းပ

နောက်ဆုံးသတင်းများ