Taifreedom

မိုင်းကိုင်မြို့နယ်အတွင်း ကျောက်မီးသွေးတူးဖော်နေသည့် ကုမ္မဏီ ရပ်တန့်ခြင်းမရှိသေးပဲ ဆက်လက်တူးဖော်နေ

မိုင်းကိုင်မြို့နယ်အတွင်း ကျောက်မီးသွေးတူးဖော်နေသည့် ဟိန်းမေတ္တာကုမ္မဏီမှာ ကတိ ပေးထားသည့်အတိုင်း ကျောက်မီးသွေး တူးဖော်ခြင်းရပ်တန့်ခြင်း မရှိသည့်အပြင် ဆက်လက် တူးဖော်ရန်အတွက် ပြင်ဆင်နေကြောင်း သတင်းရရှိပါသည်။



မိုင်းကိုင်မြို့နယ်အတွင်း ကျောက်မီးသွေးတူးဖော်နေသည့် ဟိန်းမေတ္တာကုမ္မဏီကို ကျောက်မီးသွေး တူးဖော်ခြင်း ရပ်တန့်ရန်အတွက် သံဃာတော်များနှင့် ဒေသခံများ ပူးပေါင်းပြီး ဆန္ဒထုတ်ဖော် တာဆီးခဲ့ရာ ၂၀၁၇ ခုနှစ် ဧပြီ ၁၃ ရက်နေ့တွင် ဦးသုဝေ ဦးဆောင်ပြီး ဟိန်းမေတ္တာ ကုမ္မဏီအဖွဲ့သားများ နှင့်အတူ ဒေသခံပြည်သူများအား တွေ့ဆုံပြီး ကျောက်မီးသွေး တူးဖော်နေခြင်းကို တစ်လအတွင်း ရပ်ဆိုင်းပေးမည်ဟု ကတိပေးပြီး ပျက်ဆီးသွားသည့် စက်ပစ္စည်းများ ပြုပြင်ရန် အချိန်တစ်လတောင်းဆိုသည့် စာတစ်စောင်လည်းပေးပို့ခဲ့ရာ မေလ ၁၃ ရက်နေ့တွင် တစ်လပြည့်ပြီ ဖြစ်သောကြောင့် မေလ ၁၄ ရက်နေ့၌ သံဃာတော်များနှင့် ဒေသခံများ ပူးပေါင်းပြီး ကျောက်မီးသွေး တူးဖော်နေသည့် နေရာကို သွားရောက် ကြည့်ရှူ့ခဲ့ရာ ပစ္စည်းများ သိမ်းဆည်းခြင်း မရှိသည့်အပြင် ခြံစည်းရိုးများ သေချာခတ်ထားခြင်း အလုပ်သမားများ နေသည့် နေရာကိုလည်း ပိုမိုခိုင်ခံ့အောင် ပြန်လည် တည်ဆောက်ထားခြင်းနှင့် “တာဝန်မှအပ မဝင်ရ ”ဟူသည့် ဆိုင်းပုဒ် ပါတပ်ထားသည်ဟု ဒေသခံတစ်ဦးမှ သတင်းပေးပို့ခဲ့ပါသည်။



အဆိုပါအကြောင်းနှင့်ပတ်သက်ပြီး ကုမ္မဏီတာဝန်ခံ ဦးဥက္ကာကျော်မှ “ ပျက်ဆီးသွားသည့် စက်ပစ္စည်းများ ပြုပြင်ပြီး ထွက်သွားပေးမယ်ဆိုတာမဟုတ်ဘူး ပြုပြင်ပြီး ကျောက်မီးသွေးများ ဆက်လက် တူးဖော်ရန်အတွက်သာ ဖြစ်သည် ” ဟု ဒေသခံများထံပြောခဲ့ကြောင်း သိရှိရပါသည်။


ဟိန်းမေတ္တာကုမ္မဏီမှ မိုင်းကိုင်မြို့နယ်အတွင်း ကျောက်မီးသွေး ဆက်လက်တူးဖော်နေမည်ဆိုပါက သံဃာတော်များနှင့် ဒေသခံများသာမက အနယ်နယ်အရပ်ရပ်မှ သျှမ်းလူငယ်များ နှင့် သျှမ်းလူ့အခွင့်အရေး လှုပ်ရှားသည့်အဖွဲ့အစည်းများ ပူးပေါင်းပြီး ကျောက်မီးသွေး တူးဖော်ရေး ရပ်တန့်ရန်အတွက် ကြိုးစား လုပ်ဆောင်သွားမည် ဟု သံဃာတော်အဖွဲ့မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မိုင်းကိုင်မြို့နယ်အတွင်း ကျောက်မီးသွေးတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်ဆီးခြင်း လယ်ယာမြေများပျက်ဆီးခြင်းကြောင့် ကျောက်မီးသွေး တူးဖော်ရေး ရပ်တန့်ရန်အတွက် ၂၀၁၇ ခုနှစ် ဧပြီလ ၁၁ ရက်နေ့၌ သံဃာတော်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး အင်အား ၄၀၀၀ ကျော် ဖြင့် ဆန္ဒပြ ကန့်ကွက်ခဲ့ပြီးဖြစ်သည်။

 

Taifreedom

  

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း မိုင်းကိုင်မြို့နယ်အတွင်း ကျောက်မီးသွေးတူးဖော်နေသည့် ကုမ္မဏီ ရပ်တန့်ခြင်းမရှိသေးပဲ ဆက်လက်တူးဖော်နေ