Taifreedom

RCSS ၊ သျှမ်းပါတီ နှင့် လူမှုအဖွဲ့အစည်းများစုပေါင်း၍ နေရပ်ပြန်ရွှေ့ပြောင်း အလုပ်သမားများအားကူညီ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဆက်ဆံရေးရုံး(တာချီလိတ်မြို့) ၊ သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)  ၊ သျှမ်းလူငယ်အဖွဲ့အစည်း နှင့် သျှမ်းတိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှုအသင်း (တာချီလိတ်မြို့) အစရှိသည့် သျှမ်းတိုင်းရင်းသားပါတီများ ၊ လူမှုအဖွဲ့အစည်းများက နေရပ်ပြန်ရွှေ့ပြောင်း အလုပ်သမားများအား ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှ သွားကြိုပြီးနားခိုရန်နေရာ စီစဉ်ပေးခဲ့ကြောင်း သတင်းရရှိ။


RCSS တာချီလိတ်ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူး စိုင်းဆိုင်လီ မှ- “ဇူလိုင်လ ၅ ရက်နေ့ နေ့လည်ပိုင်းလောက်က ကျွန်တော်တို့တွေ စုပေါင်းပြီးတော့ ချစ်ကြည်ရေးတံတားမှာ နေရပ်ပြန်ရွှေ့ပြောင်း အလုပ်သမားတွေကို သွားကြိုခဲ့တယ် ၊ သွားကြိုခဲ့တာကတော့ ၂၈ ယောက်ရှိတယ် ၊ တချို့ကတော့ ကိုယ့်အသိအိမ်မှာပဲ တည်းမယ်ပြောလို့ ကျန်တဲ့ ၁၀ ယောက်ကို တာချီလိတ်မြို့ ဟောင်လိတ်ရပ်ကွက် ဝတ်လုံဘုန်းတော်ကြီးကျောင်းမှာ ခေတ္တနားခိုဖို့ နေရာစီစဉ်ပေးခဲ့တယ်” လို့ ပြောကြားခဲ့သည်။


အများစုကတော့ သျှမ်း ၊ ပအိုးဝ် ၊ ဂေါ်ရခါးလူမျိုးတွေဖြစ်ပြီး ကျောက်မဲ ၊ ဟိုပုံး ၊ ပင်လောင်း ၊ ဆီဆိုင် ၊ ကျေးသီး ၊ ပင်လုံ နှင့် မိုးကုတ်မြို့မှာ နေထိုင်ကြသူတွေဖြစ်ကြောင်း သိရသည်။


သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS မှ ထိုင်းနိုင်ငံအတွင်းရှိ မိမိတို့ သျှမ်းပြည်မှ တရားမဝင်ရွှေ့ပြောင်း အလုပ်သမားမိဘပြည်သူများ နေရပ်သို့ ပြန်ရာလမ်းခရီးတွင် လွယ်တိုင်းလျှဲန်းဗဟိုဌာနချုပ် နှင့် ဆက်ဆံရေးရုံးများတွင် လွတ်လွတ်လပ်လပ် လာရောက်တည်းခိုနားနေနိုင်ကြောင်းကို လွန်ခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါသည်။


RCSS/SSA တာချီလိတ် ဆက်ဆံရေးရုံး- မြန်မာဖုန်း  ၀၉၄ ၅၄၀၈ ၅၂၀၆ နှင့် ထိုင်းဖုန်း ၀၈၅ ၀၂၉ ၄၆၆၂ / ၀၈၁ ၇၈၃ ၀၂၀၆ / ၀၈၆ ၁၉၅ ၉၀၀၃ တို့ကို ဆက်သွယ်နိုင်ကြောင်း အသိပေးအပ်ပါသည်။


Taifreedom

primi sui motori con e-max
You are here: Home သတင်း အထွေထွေသတင်း RCSS ၊ သျှမ်းပါတီ နှင့် လူမှုအဖွဲ့အစည်းများစုပေါင်း၍ နေရပ်ပြန်ရွှေ့ပြောင်း အလုပ်သမားများအားကူညီ

နောက်ဆုံးသတင်းများ