Taifreedom

TNLA ပေါ်တာဆွဲခံကားသမား ၃ ဦးတိုက်ပွဲတွင်း သေဆုံး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ဒေသခံ ကားသမား ၃ ဦးဟာ ကားနှင့်အတူ TNLA တပ်ဖွဲ့ ရဲ့ လူသူလက်နက်သယ်ဆောင်ရန်အတွက် TNLA တပ်ဖွဲ့ ရဲ့ပေါ်တာဆွဲခံခဲ့ရပြီး လမ်းခုလတ်တွင် တပ်မတော်နှင့် TNLA တို့တိုက်ပွဲဖြစ်ပွားပြီး  TNLA ရဲ့လက်နက်ခဲယမ်းနှင့် တပ်ဖွဲ့ဝင်များအား လိုက်လံပို့ဆောင်ရတဲ့ ပေါ်တာဆွဲခံကားသမား ၃ ဦးတိုက်ပွဲ သေဆုံးခဲ့ရကြောင်းသိရှိရပါသည်

ဖြစ်စဉ်မှာ ဧပရယ်လ ၉ ရက်နေ့ ၂၀၁၇ တွင် TNLA တပ်ဖွဲ့မှ ကျောက်မဲမြို့နယ် တော့ဆန် ကျေး ရွာအုပ်စုရှိ ကျေးရွာများထံမှ  ကား ၃ စီးအား လူသူနှင့် လက်နက်မခဲယမ်းများတင်ဆောင်ရန် အ တွက်ပေါ်တာဆွဲခဲ့ပြီး TNLA တပ်ဖွဲ့ရဲ့ လူသူနှင့် လက်နက်မခဲယမ်းများတင်ဆောင်ပြီးပို့ဆောင် ချိန်လမ်းခုလတ်တစ်နေရာဖြစ်တဲ့ တော့ဆန်ရွာ၊ ပန်စံရွာနှင့် ပန်ကွမ်ရွာ အကြား ၃ လမ်းဆုံအ ရောက်တွင် တပ်မတော်နှင့် TNLA တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားကာ TNLA တပ်ဖွဲ့ရဲ့ ပေါ်တာဆွဲခြင်း ကိုခံခဲ့ရတဲ့ ဒေသခံကားသမား ၃ ဦး တိုက်ပွဲတွင်သေဆုံးခဲ့ရကြောင်းသိရှိရပါသည်

TNLA တပ်ဖွဲ့ဝင်များသည် ဒေသခံလူထုများအား အတင်းအဓ္ဓမပေါ်တာဆွဲခြင်း ၊ လူငယ်လူ ရွယ်များအား တွေ့ရာ နေရာတွင် အတင်းအဓ္ဓမဖမ်းဆီး လူသစ်စုဆောင်းခြင်းနှင့် ဖုန်းကိုင် ဆောင်မှုများပိတ်ပင်တား မြစ်ခြင်း နှင့် ဖုန်းကိုင်ဆောင်သူအားဖမ်းမိပါက ပြစ်ဒဏ်အဖြစ် အတင်းအဓ္ဓမငွေကြေးမတရားတောင်းရမ်း ခြိမ်းခြောက်ခြင်း နှင့် ဖုန်းအားသိမ်းဆီး ခြင်းများ စသည့်လူ့ အခွင့်အရေးချိုးဖေါက်မှုများ များစွာပြုလျှက်ရှိကြောင်းဒေသခံများထံမှသိရှိ ရပါသည်

Taifreedom

primi sui motori con e-max
You are here: Home သတင်း တိုက်ပွဲ TNLA ပေါ်တာဆွဲခံကားသမား ၃ ဦးတိုက်ပွဲတွင်း သေဆုံး