Taifreedom

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် TNLA တို့ ၂ ရက်ကြာတိုက်ပွဲအတွင်း ၊ RCSS/SSA မှ TNLA ၏ လက်နက်ခဲယမ်းများအပြင် ယာမ နှင့် ဘိန်းဖြူ သိမ်းဆည်းရမိ

သျှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် လွယ်ပြေးအုပ်စု လွယ်ပြေးကျေးရွာအနီး၌ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် တအာင်း(ပလောင်) တပ်မတော် TNLA အဖွဲ့တို့ တိုက်ပွဲ ၂ ရက်ကြာ ဖြစ်ပွားခဲ့ကြောင်း။

၂၀၁၇ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့၌ TNLA အဖွဲ့မှ နမ္မတူမြို့နယ် လွယ်ပြေးကျေးရွာအုပ်စု လွယ်ပြေးကျေးရွာအနီးရှိ RCSS/SSA တပ်စခန်းအား အင်အားအလုံးအရင်းဖြင့် စတင်တိုက်ခိုက်ခဲ့သောကြောင့် ၂ ရက်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

TNLA ဘက်က RCSS/SSA တပ်စခန်းကိုသိမ်းပိုက်နိုင်ရန် အင်အားထပ်ဖြည့်ကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြောင်း ၊ တိုက်ပွဲတွင် TNLA ဘက်မှ အယောက် (၂၀) ခန့် ပြင်းထန်ဒဏ်ရာဖြင့် ဆုတ်ခွာသွားကြောင်း  စစ်မြေပြင် မှ သတင်းပေးပို့ချက်အရ သိရသည်။

RCSS/SSA မှ TNLA အဖွဲ့၏ လက်နက်ခဲယမ်းများသာမက WY စာတန်းပါ ယာဘဆေးပြား နှင့် အချိုရည်ပိုက်ဖြင့် ထည့်ထားသော ဘိန်းဖြူ ၂၀ ခု တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

RCSS/SSA နှင့် TNLA တို့၏ ၂ ရက်ကြာတိုက်ပွဲဖြစ်ပွားမှုကြောင့် နမ္မတူမြို့နယ် လွယ်ပြေးအုပ်စု ဒေသခံမိဘပြည်သူ ၂၀၀ ကျော်ခန့် နမ္မတူမြို့အတွင်းသို့ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း တိုက်ပွဲ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် TNLA တို့ ၂ ရက်ကြာတိုက်ပွဲအတွင်း ၊ RCSS/SSA မှ TNLA ၏ လက်နက်ခဲယမ်းများအပြင် ယာမ နှင့် ဘိန်းဖြူ သိမ်းဆည်းရမိ

နောက်ဆုံးသတင်းများ