Taifreedom

ဟိုပုံးမြို့နယ် ဟိုင်ခိုင်းကျေးရွာအနီးတွင် တပ်မတော် နှင့် RCSS တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် နမ့်ပါချီးအုပ်စု ဟိုင်ခိုင်းကျေးရွာအနီးတွင် တပ်မတော် နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ။



၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ နေ့လည် ၃:၃၅ မိနစ်အချိန်၌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ပင်လောင်းအခြေစိုက် အစိုးရတပ်မတော် ခလရ-၂၄၉ နှင့် RCSS/SSA တို့ ဟိုပုံးမြို့နယ် နမ့်ပါချီးအုပ်စု ဟိုင်ခိုင်းကျေးရွာ မြောက်ဘက်တွင် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ၁၅ မိနစ်ကြာ ဖြစ်ပွားခဲ့ကြောင်း ၊ ထိုတိုက်ပွဲတွင် ပစ္စတိုသေနတ် ၂ လက် နှင့် MA-1  ၅ လက်တို့ကို RCSS/SSA  မှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း RCSS/SSA  မှ ထိခိုက်ကျဆုံးမှုမရှိ ၊ တပ်မတော်ဘက်မှ ၅ ဦး ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၃ ဦး ရှိကြောင်း ထိခိုက်ဒဏ်ရာရသူ ၃ ဦးတွင် တပ်ကြပ်ကြီးအဆင့်ရှိ အရာရှိငယ် ၁ ဦးပါအဝင် ကြောင်းသိရသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း တိုက်ပွဲ ဟိုပုံးမြို့နယ် ဟိုင်ခိုင်းကျေးရွာအနီးတွင် တပ်မတော် နှင့် RCSS တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

နောက်ဆုံးသတင်းများ