Taifreedom

အစိုးရတပ်မတော် နှင့် RCSS/SSA တို့ သျှမ်းပြည်နယ်အရှေ့ပိုင်းတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွား

သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျင်းမြို့နယ်အတွင်း အစိုးရတပ်မတော် တပ်ရင်း ၅၁၉ နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ရင်ဆိုင်တိုက်ပွဲ ၁ နာရီခန့် ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ။



၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၇:၃၀ နာရီမှ ၈:၂၀ အချိန်ထိ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် သျှမ်းပြည်နယ်အရှေ့ပိုင်း တြိဂံတိုင်းစစ်ဌာနချုပ် (ကျိုင်းတုံမြို့) လက်အောက်ခံ မိုင်းတုံမြို့အခြေစိုက် တပ်ရင်း ၅၁၉ မှ အင်အား ၄၀ ကျော်ခန့်ရှိ တပ်မတော်စစ်ကြောင်းတို့ မိုင်းပျင်းမြို့နယ် ဆင်မောင်းကျေးရွာအုပ်စု လုပ်လုံကျေးရွာနှင့် လွယ်လုံကျေးရွာကြားတွင် ရင်ဆိုင်တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA မှ တိုက်ပွဲဖြစ်ပွားရာ နယ်မြေအတွင်း စစ်ဆေးရာတပ်မတော်ဘက်မှ ကျဆုံးသူ ၄ ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ မသိရသေး ၊ RCSS/SSA ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း သတင်းရရှိသည်။

အစိုးရတပ်မတော် နှင့် RCSS/SSA တို့ မိုင်းပျင်းမြို့နယ်အတွင်း၂၀၁၇ ခုနှစ် မတ်လ ၂၅ ရက်နေ့ တာခိုက်ကျေးရွာအုပ်စုတွင် တစ်ကြိမ် ၊ ဂျွန်လ ၁၇ ရက်နေ့ ဆွေပဲကျေးရွာအနီးတွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်းသိရသည် ။

တပ်မတေ်ဘက်မှ NCA  စာချုပ်ပါ အခန်း(၃) အပိုဒ် (၇) ပါ အပစ်ရပ်နယ်မြေများအတါင်း ထိတွေ့ပစ်ခတ်မှုမရှိစေရေးတါက် ကြိုတင်အကြောင်းကြားခြင်း မရှိသောကြောင့် တိုက်ပွဲဖြစ်ပွား ရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း တိုက်ပွဲ အစိုးရတပ်မတော် နှင့် RCSS/SSA တို့ သျှမ်းပြည်နယ်အရှေ့ပိုင်းတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွား

နောက်ဆုံးသတင်းများ