Taifreedom

ဒေသခံလူထုမှ မူးယစ်ဆေးဝါးသုံးစွဲသူ ၈ ဦးကို ဝိုင်းဝန်းဖမ်းဆီး ၊ ၇ ဦးမှာ TNLA တပ်ဖွဲ့ဝင်ဖြစ်နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စု မိုင်းဝီးကျေးရွာတွင် ကျေးရွာရပ်မိရပ်ဖများနှင့် ကျေးရွာဒေသခံများ စုပေါင်း၍ ကျေးရွာတွင်း မူးယစ်ဆေးဝါးကင်းစင်စေရန် စစ်ဆေးရာမှ မူးယစ်ဆေးဝါးသုံးစွဲသူ ၈ ဦးကို မူးယစ်ဆေးဝါးသုံးစွဲနေစဉ် ဖမ်းဆီးရမိခဲ့ပြီး ထို မူးယစ်ဆေးသုံးစွဲသူ ၈ ဦးမှ ၇ ဦးမှာ TNLA တပ်ဖွဲ့ဝင်များဖြစ်နေကြောင်း သတင်းရရှိ။



မူးယစ်ဆေးဝါးသုံးစွဲသူ ၈ ဦးနှင့်အတူ WY စာတန်းပါ ယာဘဆေးပြား ၅၃ ပြား ၊ မြန်မာငွေ ၁၁၀၀၀၀ (တစ်သိန်းတစ်သောင်းကျပ်) ကျပ် နှင့် ဖုန်း ၁ လုံးတို့ကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် မိုင်းဝီးဒေသခံပြည်သူများ ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲသူ ၇ ဦးမှာ အရပ်သား အဝတ်ဖြင့် အရပ်သားအသွင်ယူထားသော TNLA တပ်ဖွဲ့ဝင်များဖြစ်ပြီး ကျန် ၁ ဦးမှာ သျှမ်းလူမျိုးဖြစ်ကြောင်း သိရသည်။

မိုင်းဝီးဒေသခံများမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးသုံးစွဲသူ ၈ ဦးကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ မိုင်းဝီးအုပ်စု ပြည်သူ့စစ်ထံသို့ ၎င်းနေ့ နေ့လည်တွင် အပ်နှံလိုက်ပြီဖြစ်ကြောင်း သိရသည်။



ဒေသခံများ၏ ပြောပြချက်အရ မိုင်းဝီးကျေးရွာဒေသခံများမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးသုံးစွဲသူ ၈ ဦးကို ပြည်သူ့စစ်အဖွဲ့မှ တစ်စုံတစ်ရာ အရေးယူခြင်းမရှိဘဲ ပေါ့ပေါ့တန်တန်ထားသောကြောင့် ၎င်းမူးယစ်ဆေးဝါးသုံးစွဲသူ ၈ ဦးစလုံး ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ထွက်ပြေးလွှတ်မြောက် သွားကြောင်း သိရသည်။ မိုင်းဝီးအုပ်စု ပြည်သူ့စစ်ခေါင်းဆောင်သည် ပလောင်လူမျိုးဖြစ်ကြောင်း သိရသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း မူးယစ်ဆေးဝါး ဒေသခံလူထုမှ မူးယစ်ဆေးဝါးသုံးစွဲသူ ၈ ဦးကို ဝိုင်းဝန်းဖမ်းဆီး ၊ ၇ ဦးမှာ TNLA တပ်ဖွဲ့ဝင်ဖြစ်နေ