Taifreedom

ကျိုင်းတောင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးသယ်ဆောင်လာသူကို ဖမ်းဆီးရ

ကျိုင်းတောင်းမြို့နယ် အတွင်းလှုပ်ရှားနေသည့် RCSS/SSA အဖွဲ့မှ တပ်သားများ နယ်မြေအတွင်း မူးယစ်ဆေးဝါးပပျောက်ရန်အတွက် ရှာဖွေမှုပြုလုပ်ခဲ့ရာ ယာဘဆေးပြားသယ်ဆောင်လာသူ တစ်ဦးဖမ်းဆီးရမိ။



၂၀၁၇ ခုနှစ် ဧပြီလ ၁၇ ရက်နေ့၌ ကျိုင်းတောင်းမြို့နယ် ဟိုဟကျေးရွာအုပ်စု နမ့်ဟူး တောအတွင်း ဖြတ်သန်းလာသည့် စိုင်းမွန်း အသက် ၃၈ နှစ်ကို ခေါ်ယူစစ်ဆေးရာ ယာဘဆေးပြားများရှာဖွေတွေ့ရှိပြီး ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိပါသည်။

အလားတူပင် ကျိုင်းတောင်းမြို့နယ်အတွင်း၌ လွန်ခဲ့သည့် ဖေဖော်ဝါရီလ အတွင်းတွင်လည်း RCSS/SSA အဖွဲ့သားများမှ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၄ ဦးကို ယာဘဆေးပြား ၁၀၀၀ ပြား နှင့်အတူ ဖမ်းဆီးခဲ့သည်။



RCSS/SSA အဖွဲ့ ပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးပပျောက်ရန်အတွက် မိုင်းတုံမြို့နယ် နားဖိုင်းယောင်းကျေးရွာအတွင်းနေထိုင်သည့် မိဘပြည်သူများကိုခေါ်ယူပြီး မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်နှိမ်နှင်းရန်အတွက် အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

Taifreedom

primi sui motori con e-max
You are here: Home သတင်း မူးယစ်ဆေးဝါး ကျိုင်းတောင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးသယ်ဆောင်လာသူကို ဖမ်းဆီးရ

နောက်ဆုံးသတင်းများ