Taifreedom

မူးယစ်ဆေးဝါးသုံးစွဲသူ တစ်ဦးကို (RCSS/SSA) အဖွဲ့မှ ဖမ်းဆီးရ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့တို့ လှုပ်ရှားသည့် နယ်မြေအတွင်း မူးယစ်ကင်းစင်စေရန်အတွက် စစ်ဆေးမှုပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲသူ တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း။



၂၀၁၇ ခုနှစ် မေလ ၃ ရက်နေ့ ၌ကျိုင်းတောင်းမြို့နယ်တွင် လှုပ်ရှားနေသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့တို့ လှုပ်ရှားရာနယ်မြေအတွင်း မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ မွန်းလွှဲ ၃း၃၀ အချိန်ခန့်၌ ဟိုဟကျေးရွာအုပ်စု နမ့်ဟူးရွာအနီးဖြတ်သန်းလာသည့် သားအဖ သုံးဦးကို တားဆီးစစ်ဆေးခဲ့ရာ မောင်ကျော်ဦး (ဗမာလူမျိုး)၏ လက်ထဲ၌ WY စာတန်းပါ ယာဘဆေးပြား ၃၄ ပြားကိုရှာဖွေတွေ့ရှိခဲ့ရာ သားအဖသုံးဦးကို ခတ္တထိန်းသိမ်းထားပြီး သားငယ် ၂ ဦးကို မူးယစ်ဆေးဝါးအန္တရယ်အကြောင်းများကို ရှင်းပြပြီး ပြန်လည်လွတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့၏ ပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးပပျောက်ရန်အတွက် လှုပ်ရှားသည့် နယ်မြေအတွင်း ဒေသခံပြည်သူများကို မူးယစ်ဆေးဝါးအန္တရယ်အကြောင်း ဟောပြောခြင်း နှင့် မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူများကို ရှာဖွေ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။

 

Taifreedom

  

primi sui motori con e-max
You are here: Home သတင်း မူးယစ်ဆေးဝါး မူးယစ်ဆေးဝါးသုံးစွဲသူ တစ်ဦးကို (RCSS/SSA) အဖွဲ့မှ ဖမ်းဆီးရ

နောက်ဆုံးသတင်းများ