Taifreedom

RCSS/SSA တပ်ဖွဲ့မှ ကျိုင်းတောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့မှ ကျိုင်းတောင်းမြို့နယ် လှုပ်ရှားရာ နယ်မြေအတွင်း မူးယစ်ဆေးဝါး ကင်းစင်စေရန်အတွက် စစ်ဆေးမှုပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲသူ ၂ ဦး နှင့်အတူ WY စာတန်းပါ ယာဘဆေးပြား ၇၅ ပြား ဖမ်းဆီးရမိခဲ့ကြောင်း။



မူးယစ်ဆေးဝါးသုံးစွဲသူ ၂ ဦးမှာ- ကျိုင်းတောင်းမြို့ ဟိုဟအုပ်စု ခေရိုးတောင်းရွာတွင် နေထိုင်သူများဖြစ်ပြီး စိုင်းစံအေး အသက် ၂၃ နှစ် လက်ထဲ၌ ယာဘဆေးပြား ၇၀ ပြား နှင့် စိုင်းကျော်လူ အသက် ၃၅ နှစ် ထံတွင် ယာဘဆေးပြား ၅ ပြား စုစုပေါင်း ၇၅ ပြားကို ၂၀၁၇ ခုနှစ် မေလ ၄ ရက်နေ့ တွင် ဖမ်းဆီးရမိခဲ့ပါသည်။

ထို့အတူ ၂၀၁၇ ခုနှစ် မေလ ၃ ရက်နေ့တွင်လည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့မှ ကျိုင်းတောင်းမြို့ ဟိုဟကျေးရွာအုပ်စုတွင် မူးယစ်ဆေးဝါးသုံးစွဲသူ နှင့် WY စာတန်းပါ ယာဘဆေးပြား ၃၄ ပြား ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့၏ ပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးပပျောက်ရန်အတွက် လှုပ်ရှားသည့် နယ်မြေအတွင်း ဒေသခံ ပြည်သူများကို မူးယစ်ဆေးဝါးအန္တရယ်အကြောင်း ဟောပြောခြင်း နှင့် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူများကို ရှာဖွေ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း မူးယစ်ဆေးဝါး RCSS/SSA တပ်ဖွဲ့မှ ကျိုင်းတောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ