Taifreedom

ကျောက်မဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ ၃ ဦးကို RCSS/SSA အဖွဲ့မှ ဖမ်းဆီးရ

ကျောက်မဲမြို့နယ်အတွင်း လှုပ်ရှားနေသည့် RCSS/SSA တပ်ဖွဲ့များ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၃ ဦးကို ယာဘဆေးပြား အပြား ၄၀ နှင့်အတူလက်ဝယ်ဖမ်းဆီးရမိကြောင်း။



ကျောက်မဲမြို့နယ်အတွင်း လှုပ်ရှားနေသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /သျှမ်းပြည်တပ်မတော် အဖွဲ့တို့ လှုပ်ရှားသည့် နယ်မြေအတွင်း မူးယစ်ကင်းစင်ပပျောက်ရန်အတွက် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ယာဘဆေးပြား သုံးစွဲသူ ၃ ဦးကို ယာဘဆေးပြား ၄၀ ပြား၊ ဖုန်း ၅ လုံး ၊ဆိုင်ကယ် ၂ စီး နှင့် ငွေကျပ် ၁၈၉,၁၀၀ (တစ်သိန်းရှစ်သောင်းကိုးထောင်တစ်ရာ ကျပ်) နှင့်အတူ လက်ဝယ်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။



ဖမ်းဆီးရသူ ၃ ဦးမှာ - နမ့်ဆန်မြို့နယ် နမ့်တွန်ရွာနေ မောင်ဝင်းကျော် (ပလောင်လူမျိုး) အသက် ၁၆ နှစ်၊ကျောက်မဲမြို့နယ် ရပ်ကွက် (၇)နေ စိုင်းကျော်လွင်(ခ) စိုင်းအိုက်ပီး အသက် ၂၈ နှစ် နှင့် သီပေါမြို့နယ် ကျောင်းခမ်းရပ်ကွက်နေ စိုင်းနောင့်(ခ) ဝင်းနိုင် အသက် ၃၂ တို့ ဖြစ်ကြောင်း သိရှိရပါသည်။

 

Taifreedom

primi sui motori con e-max
You are here: Home သတင်း မူးယစ်ဆေးဝါး ကျောက်မဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ ၃ ဦးကို RCSS/SSA အဖွဲ့မှ ဖမ်းဆီးရ