Taifreedom

RCSS/SSA အဖွဲ့မှ နမ့်ခမ်းမြို့နယ်အတွင်း ယာဘ နှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားလျှက်ရှိသော သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA) စစ်ဒေသ (၇၀၁) မှ နမ့်ခမ်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူ ၈ ဦးနှင့်အတူ ယာဘ နှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ။


၂၀၁၇ ခုနှစ် ဂျွန်လ ၃၀ ရက်နေ့ နံနက် ၇:၃၀ မိနစ် အချိန်တွင် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် ကွန်လုံအုပ်စု ဝမ်ပုံကျေးရွာအတွင်း  ဝင်ရောက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၈ ဦးနှင့်အတူ အချိုရည်ပိုက်ထဲတွင် ထည့်ထားသော ဘိန်းဖြူ ၅ ခု ၊ WY စာတန်းပါ ယာဘဆေးပြား ၉၆ ပြား ၊ မြန်မာငွေ ၁၈၀၀၀ ကျပ် ၊ ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


မူးယစ်ဆေးရောင်းဝယ်/သုံးစွဲသူ ၈ ဦးမှာ - (၁) စိုင်းဖိုးငယ် အသက် ၅၄ နှစ် နမ့်ခမ်းမြို့နယ် ဟိုပုံကျေးရွာအုပ်စု ဝိန်းကန်းကျေးရွာတွင် နေထိုင်သူ ၊ (၂) စိုင်းဆန်အေးမောင် အသက် ၅၇ နှစ် ကွန်လုံကျေးရွာအုပ်စု ကွန်လုံကျေးရွာတွင်နေထိုင်သူ ၊ (၃) စိုင်းအောင်မိန်း အသက် (၂၈) နှစ် နှင့် (၄) လုံးအောင်မြ အသက် (၄၅) နှစ် နမ့်တီးကျေးရွာအုပ်စု နမ့်တီးကျေးရွာတွင် နေထိုင်သူ ၊ ( ၅) လုံးအိုက်စိုင်း အသက်(၅၀) နှစ် နမ့်မကျေးရွာအုပ်စု နမ့်မကျေးရွာတွင် နေထိုင်သူ ၊ (၆) လုံးကွန်း အသက် (၆၂) နှစ် ကွန်လုံကျေးရွာအုပ်စု ကွန်လုံကျေးရွာတွင် နေထိုင်သူ ၊ (၇) လုံးမောင်အေး အသက် (၄၁) နှစ် နှင့် (၈) လုံးအိုက်ဆမ် အသက် (၄၇) နှစ် ကွန်လုံကျေးရွာအုပ်စု မန့်အွယ့်ကျေးရွာတွင် နေထိုင်သူတို့ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူ ၈ ဦး၏ ပြောပြချက်အရ ၎င်းမူးယစ်ဆေးဝါးများကို နမ့်ခမ်းမြို့နယ် ကောင်းကတ်ကျေးရွာအုပ်စု ကောင်းကတ်ကျေးရွာမှ ဝယ်လာကြောင်း ၊ ယာဘဆေးပြား တစ်ထုပ်လျှင် ၂၀၀ ပြားပါဝင်ပြီး မြန်မာငွေ ၆၀၀၀၀ (ခြောက်သောင်း) ကျပ် တန်ဖိုးရှိကြောင်း သိရသည်။


RCSS/SSA စစ်ဒေသ (၇၀၁) မှ မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူ ၈ ဦးရဲ့ ကိုယ်ရေးရာဇဝင်များကို စစ်တမ်းကောက်ယူထားပြီး RCSS/SSA ၏ ဘိန်းဖြတ်စခန်း၌ ဘိန်းဖြတ်ပေးပြီးမှ နေရပ်သို့ ပြန်လည်လွှတ်ပေးမည်ဟု သတင်းရရှိသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း မူးယစ်ဆေးဝါး RCSS/SSA အဖွဲ့မှ နမ့်ခမ်းမြို့နယ်အတွင်း ယာဘ နှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ