Taifreedom

မိုင်းကိုင်မြို့နယ်တွင် ကျောက်မီးသွေး တူးဖေါ်သည့် ဟိန်းမေတ္တာဂုမ္ပဏီအား ဒေသခံလူထု ၄၀၀၀ ကျော်မှ ဆန္ဒပြကန့်ကွက်

မိုင်းကိုင်မြို့နယ်တွင် ကျောက်မီးသွေးတူးဖေါ်သည့် ဟိန်းမေတ္တာဂုမ္ပဏီအား မြို့နယ်လူထု၊ သံဃာ တော် နှင့် လယ်သမားများမှ စုပေါင်းကာ ကျောက်မီးသွေး တူးဖေါ်နေမှုအား ရပ်တန့်ရန်အင်အား ၄၀၀၀ ကျော်ဖြင့် ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း သိရှိရပါသည်

ဆန္ဒပြပွဲကို သစ်တော၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုး၊ မြို့နယ်ရဲစခန်း၊ တပ်မတော်နှင့် ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များခွင့်ပြုချက်ရယူပြီး ဧပရယ်လ ၁၁ ရက် ၂၀၁၇ ၉ နာရီတွင် စတင် ပြုလုပ်ခဲ့ကာနေ့လယ်မွန်းတည့် ၁ နာရီတွင်ပြီးဆုံးခဲ့ကြောင်းသိရှိရပါသည်။ ဆန္ဒပြလူထုမှ ကျောက်မီးသွေးတူးဖေါ်နေခြင်းကိုကန့်ကွက်သည့်ဆိုင်းပုဒ်များကိုကိုင်ဆောင်ပြီး ကျောက်မီး သွေးတူးဖေါ်နေခြင်းကိုကန့်ကွက်ကြောင်းနှင့်ကျောက်မီး သွေးတူးဖေါ်နေမှုကိုရပ်တန့်ရန်ကြွေး ကျော်ကာ လွိုင်လျှိုမှ ကျောက်မီးသွေးတူးဖေါ်နေသည့် ဂုမ္ပဏီ လုပ်ငန်းခွင်စခန်း သို့ချီတက် ခဲ့ကြကြောင်းသိရှိရပါသည်

မိုင်းကိုင်းမြို့နယ် ကျောက်မီးသွေးတူးဖေါ်နေသည့် ဂုမ္ပဏီသည် နိုင်ငံခြား ဂုမ္ပဏီတစ်ခုဖြစ်ပြီး  ကျောက်မီးသွေးတူးဖေါ်နေသည့်နေရာသည် ဒေသခံလယ်ယာလုပ်ငန်းများရဲ့ ရေဦးထွက်ရှိရာ နေရာဖြစ်ပြီး သဘာဝအရင်းအမြစ်နှင့် ရေသယံဇာတကိုထိမ်းသိမ်းကာကွယ်ရန်အတွက် ကန့် ကွက်ဆန္ဒပြ ခြင်းဖြစ်ကြောင်း လွန်ခဲ့တဲ့ ၃ နှစ်တွင်လဲ အဆိုပါ ကျောက်မီးသွေးတူးဖေါ်သည့် ဟိန်းမေတ္တာ ဂုမ္ပဏီအား ဒေသခံများမှ ၂ ကြိမ် ကန့်ကွက်ခဲ့ပြီးဖြစ်ကြောင်း  ဂုမ္ပဏီမှ အရေးယ ဆောင်ရွက်ခြင်း မရှိပဲ ဆက်လက်တူးဖေါ်နေသည့်အတွက် ဆက်လက် ကန့်ကွက်ဆန္ဒပြရခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်

Taifreedom

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး မိုင်းကိုင်မြို့နယ်တွင် ကျောက်မီးသွေး တူးဖေါ်သည့် ဟိန်းမေတ္တာဂုမ္ပဏီအား ဒေသခံလူထု ၄၀၀၀ ကျော်မှ ဆန္ဒပြကန့်ကွက်