Taifreedom

သကြ်န်အကြိုနေ့တွင် ကျောက်မဲမြို့နယ်ဒေသခံတစ်ဦးအား အစိုးရတပ်မတော်မှ ပစ်သတ်ခဲ့

သကြ်န်အကြိုနေ့ဖြစ်တဲ့ April လ ၁၃ ရက်နေ့ ၂၀၁၇ တွင် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ဝမ်ခိုင် ကျေးရွာအုပ်စု ပန်ကော်ကျေးရွာတွင် အစိုးရတပ်မတော်မှ တောလိုက် (အမဲလိုက်) သွားတဲ့ ကျောက်မဲဒေသခံ တစ်ဦးကို ပစ်သတ်ခဲ့ကြောင်း သိရှိရသည်

ပစ်သတ်ခံရသူမှာ ကျောက်မဲခရိုင် မိုင်းလုံမြို့နယ်ခွဲ မြို့ဟောင်းထယ်ဝေါကျေးရွာအုပ်စု ကုံးထိုလင် ကျေးရွာတွင်နေထိုင်သူ လုံးကျော်+ ပါဆွေဥ တို့၏သား စိုင်းအမွန်း အသက် ၃၀ နှစ်ဖြစ်ကြောင်းသိ ရှိရသည်။ စိုင်းမွန်းမှာ တစ်ရွာထဲနေ အဖေါ်နှစ်ဦးနှင့်အတူ သကြ်န်အကြိုနေ့တွင် တောလိုက် (အမဲ လိုက်)သွားရာ ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ဝမ်ခိုင်ကျေးရွာအုပ်စု ပန်ကော်ကျေး ရွာ တွင် မန္တလေးမြို့အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အစိုးရတပ်မတော် လှုပ်ရှား တပ်ရင်းတစ်ရင်း (တပ်ရင်းအမှတ်မသိရ)နှင့်  တောတွင်း၌တွေ့ဆုံမိခဲ့ပြီး ၎င်းစိုးရတပ်မတော် လှုပ် ရှားတပ်ရင်းမှ စိုင်းအမွန်းအားပစ်သတ်ခဲ့ကြောင်း အတူသွားအဖါ်နှစ်ဦးမှာ ကံကောင်းထောက်မ၍ ထွက်ပြေးလွတ်ခဲ့ရကြောင်းသိရှိရပါသည် 

၎င်းလှုပ်ရှားတပ်ရင်း (တပ်ရင်းအမှတ်မသိရ)သည် မန္တလေးမြို့အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာ နချုပ်လက်အောက်ခံတပ်ရင်းတစ်ရင်းဖြစ်ပြီး ကျောက်မဲခရိုင်နောင်ချိုမြို့အတွင်း တွင်သွားရောက် လှုပ်ရှားနေသည်မှာသိပ်ကြာသေးကြောင်းနှင့် စိုင်းအမွန်း သေဆုံးမှုတွင် တပ်မတော်ဖက်မှမှား ကြောင်းဝန်ခံခဲ့ပြီး သေဆုံးသူအတွက်နှစ်နှာကြေးအဖြစ် ငွေကျပ် ငါးသိန်းကို တပ်မတော် ပေး ဆောင်ကြေအေး ခဲ့ကြောင်းသိရှိရပါသည်

Taifreedom

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး သကြ်န်အကြိုနေ့တွင် ကျောက်မဲမြို့နယ်ဒေသခံတစ်ဦးအား အစိုးရတပ်မတော်မှ ပစ်သတ်ခဲ့