Taifreedom

မူဆယ်မြို့နယ်ဒေသခံများ မှ မူဆယ်မြို့မပြည်သူ့စစ်အဖွဲ့အားကန့်ကွက်ဆန္ဒပြ

မူဆယ်မြို့မ ပြည်သူ့စစ်အဖွဲ့မှ မူဆယ်မြို့နယ် မာန်ဟေးမြို့နယ်ခွဲ နောင်ခိုကျေးရွာ ကုတို့ဆိပ်အား လေလံတင်ရောင်းချမှုနှင့်ပတ်သက်ပြီး မူဆယ်မြို့နယ် မာန်ဟေးမြို့နယ်ခွဲ နောင်ခိုကျေးရွာအုပ်စုမှ ဒေသခံများ အင်းအား၃၀၀ကျော်ဖြင့် မူဆယ်မြို့မ ပြည်သူ့စစ်အဖွဲ့ အား ကန့်ကွက်ဆန္ဒပြခဲ့ ကြောင်း သိရှိရပါသည်

ကန့်ကွက်ဆန္ဒပြပွဲကို ဧပရယ်လ  ၁၈ ရက်နေ့ ၂၀၁၇ တွင်ပြုလုပ်ခဲ့တာဖြစ်ပြီး ကန့်ကွက်ဆန္ဒပြ ရခြင်းကတော့ မူဆယ်မြို့မ ပြည်သူ့စစ်အဖွဲ့မှ သျှမ်းပြည်မြောက်ပိုင်းရှိ သျှမ်းပြည်နှင့်တရုတ်နိုင်ငံ ကိုပိုင်းခြား ထားတဲ့ရွှေလီမြစ်ပေါ်ရှိ နောင်ခိုကျေးရွာ ကုတို့ဆိပ်ကို မူဆယ်မြို့မ ပြည်သူ့စစ်အဖွဲ့မှ လေလံတင်ရောင်းခြင်းကြောင့်ဟုသိရှိရပါသည်။  ဧပရယ်လ  ၁၈ ရက်နေ့ ၂၀၁၇ မှာ မူဆယ်မြို့မ ပြည်သူ့စစ်အဖွဲ့ဝင် ၇ ဦးမှ လက်နက်များကိုင်ဆောင်ပြီး နောင်ခိုကုတို့ဆိပ် ပြေးဆွဲနေမှုကို ရပ်တန့် ရန်အတွက် ခြိမ်းခြောက်ပြောဆိုမှုများရှိခဲ့ ပြီး ထိုခြိမ်းခြောက်မှုကိုဒေသခံများမှ မကျေနပ်၍ ဒေသခံ များမှ ရွှေလီမြစ်ကမ်းဘေးတွင် စုရုံးဆန္ဒပြခဲ့ကြောင်းသိရှိရသည်

ဒေသခံတစ်ဦးဖြစ်တဲ့ စိုင်းမောမှ ဒေသခံများဆန္ဒပြရခြင်းကတော့ နောင်ခို ကုတို့ဆိပ်ဟာ မိမိတို့ဘိုးဘွားအစဉ်အဆက်က ၁၉၂၈ ခုနှစ်က တည်ဆောက်လုပ်ကိုင်စား သောက် လာတာဖြစ်ပြီး ကျွန်တော်တို့နေနဲ့ မည်သည့်အဖွဲ့အစည်းရဲ့ လက်အောက် ဒါမှမဟုတ်ဩဇာဖြစ် သွားတာမျိုးကို လိုလားဘူး၊ မှုဆယ်၊ နမ့်ခမ်းနဲ့ တရုတ်ပြည်ကို ရွာထွက်ဟင်းသီးဟင်းရွက်နှင့် ထွက် ကုန်တွေကိုင် တင်ပို့ရောင်းချတဲ့အခါတွေမှာဆိုရင်ဒီနောင်ခိုကုတို့ဆိမ်ကိုပဲ အဓိကအားထားလာခဲ့ရ တာ နှစ်ပေါင်း များစွာကြာခဲ့ပြီလို့ Taifreedom သို့ ပြောကြားခဲ့သည်

မည်မဖေါ်လိုတဲ့ဒေသခံတစ်ဦးမှယခုလိုဆက်လက်ပြောကြားခဲ့ပါသည်  ဒီကုတို့ဆိပ်ကို မူဆယ်မြို့ စည်ပင်သာယာရေးကနေပြီး လေလံတင်ခဲ့တာ ၈ နှစ်ဝန်းလောက်ရှိနေပြီသိရတယ် ၂၀၁၆ ခုနှစ်အ ထိတော့ လေလံဝယ်တဲ့လူမရှိခဲ့ဘူး ၂၀၁၇ ဖေဖေါ်ဝါလ ၂ ရက်မှာတော့ ကျေးဇူးကမ္ဘာ ဘော်ဒါပိုင် ရှင် နန်းရွှေမှုံနဲ့ မူဆယ်မြို့မ ပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းပြီး မူဆယ်မြို့ စည်ပင်သာ ယာ ရေးကနေ လေလံတွေဝယ်ယူလိုက်တယ် ဒေသခံတွေအနေနဲ့ ကိုယ်ကိုတိုင်ကအကုန်ကျခံပြီးတည်ဆောက် ထားခဲ့ဟာကို ကိုယ့်ချွေးနဲစာနဲ့ လေလံပြန်ဝယ်ရမယ့်အဖြစ်မျိုးကိုတော့မလိုဘူး လို့ပြော ကြားခဲ့ ပါသည်

Taifreedom

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး မူဆယ်မြို့နယ်ဒေသခံများ မှ မူဆယ်မြို့မပြည်သူ့စစ်အဖွဲ့အားကန့်ကွက်ဆန္ဒပြ