Taifreedom

TNLA တပ်ဖွဲ့တို့ အပစ်မဲ့ရွာသားကို ပစ်ခတ်ခြင်းနှင့် ရပ်မိရပ်ဖများကို သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်

နမ္မတူမြို့နယ် ဆိုင်းခေါင်ကျေးရွာအုပ်စု ဆိုင်းခေါင်ရွာထဲသို့ RCSS/SSA တပ်ဖွဲ့များ ရွာထဲဝင်လာတာကို TNLA အဖွဲ့ထံအကြောင်းမကြားဟု အကြောင်းပြပြီး ရပ်မိရပ်ဖများကို သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်ခဲ့ကြောင်း။



၂၀၁၇ ခုနှစ် မေလ ၁၀ ရက်နေ့ ည ၈း၃၀ အချိန်ခန့်တွင် TNLA အဖွဲ့များ ဆိုင်းခေါင်ကျေးရွာထဲဝင်ပြီး ရပ်မိရပ်ဖများကိုခေါ်ကာ RCSS/SSA တပ်ဖွဲ့များ ရွာထဲအလည်လာတာ ဘာလို့အကြောင်းမကြားလည်းဟု ပြောပြီး ရပ်မိရပ်ဖရှေ့ သေနတ်တစ်ချက် ပစ်ဖောက်ခြိမ်းခြောက်ပြီး ဝမ်ကန်ရွာသို့ ဦးတည်ပြီး လက်နက်ကြီး ၂ လုံးပစ်ဖောက်လိုက်ကြောင်း ဒေသခံရွာသားတစ်ဦးမှ သတင်းပေးပို့ခဲ့ပါသည်။

အလားတူပင် ပန်ဝိုးရွာသား စိုင်းညွန့် သည် ပန်ဟိုင်းသို့သွားပြီး အိမ်ပြန်လာရာ ဆိုင်းခေါင်ရွာသို့ရောက်စဉ် TNLA အဖွဲ့တို့နှင့် တိုးမိပြီး ဆိုင်ကယ်ရပ်ရန် TNLA အဖွဲ့တို့တားရာ ချက်ချင်းရပ်မပေးနိုင်သောကြောင့် TNLA အဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်လိုက်သောကြောင့် စိုင်းညွန့်၏ လက်မောင်းနှင့် ခြေသလုံး ကို သေနတ်မှန်ခဲ့ကြောင်း ၎င်းဒေသခံမှ ဆက်လက်ပြောပြခဲ့သည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း လူ့အခွင့်အရေး TNLA တပ်ဖွဲ့တို့ အပစ်မဲ့ရွာသားကို ပစ်ခတ်ခြင်းနှင့် ရပ်မိရပ်ဖများကို သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်

နောက်ဆုံးသတင်းများ