Taifreedom

ကျေးသီးမြို့နယ်၌ အစိုးရ၏စစ်တပ် ဒေသခံပြည်သူများထံမှ မတရား ငွေညစ်တောင်းရမ်းကာ ယာဘစိတ်ကြွဆေးပြားဝယ်ပေးရန်ခိုင်းစေ

ကျေးသီးမြို့နယ် အတွင်းရှိ အစိုးရတပ်  ခလရ ၁၃၁ တပ်ရင်းမှ တပ်ကြပ်နှင့်တပ်သားများ ကျေးသီးမြို့နယ် ဝမ်ချင်အုပ်စု နားထွမ်ကျေးရွာ အနီးရှိ သစ်ဝိုင်းတွင် သစ်ဝိုင်းပိုင်ရှင် ၊ထော်လာဂျီပိုင်ရှင်တို့အား အဓ္ဓမ မတရား ငွေညစ်တောင်းရမ်း ရုံမက အမ်မီဖီတမင်း  စိတ်ကြွဆေးပြား (ယာဘ) များအား အတင်းအဓ္ဓမ ဝယ်ခိုင်းကြောင်း။

လွန်ခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့ ည ၁၁း၃၀ အချိန်တွင် ကျေးသီးအခြေစိုက်   ခလရ ၁၃၁ တပ်ရင်းမှ တပ်ကြပ် ရန်နိုင် ဦးဆောင်သော တပ်သား ၄ ဦး အဖွဲ့တို့သည် ဝမ်ချင်အုပ်စု နားထွမ်ကျေးရွာ အနီးရှိ သစ်ဝိုင်းသို့သွားရောက်ပြီး သစ်ဝိုင်းပိုင်ရှင် လုံးကြာ အသက် (၅၈) နှစ် ထံမှ မတရားငွေ ညစ် တောင်းရမ်းခဲ့ကြရာ သစ်ဝိုင်းပိုင်ရှင်လုံးကြာကျပ်ငွေ ၁၅၀,၀၀၀ ကျပ် ဆုံးရှူံးခဲ့ရကြောင်း သတင်းရရှိသည်။

ထိုမှတဆင့် အဆိုပါ ကျေးသီးအခြေစိုက် ခလရ ၁၃၁ တပ်ရင်းမှ တပ်ကြပ် ရန်နိုင် ဦးဆောင်သော တပ်သား ၄ ဦးအဖွဲ့တို့သည် နားထွမ်းကျေးရွာနေ လုံးနု အသက် (၄၅) နှစ်အား ထော်လာဂျီဖြင့် သစ်ခိုးထုတ်သည်ဟု မတရားစွပ်စွဲကာ လုံးနုထံမှ ငွေ ၁၁၀,၀၀၀ ကျပ် မတရားညစ်ယူခဲ့ကြောင်း။

ထို့ပင်မက လုံးနု အိမ်တွင်းမတရားဝင်ရောက်မွေနှောက်ရှာဖွေမှုများပြုလုပ်ပြီးနောက် အဆိုပါ အိမ်ရှင် လုံးနုအား ၎င်းတို့အဖွဲ့အတွက် စိတ်ကြွဆေးပြား (ယာဘ )သွားဝယ်ပေးရန်ခိုင်းခဲ့ကြောင်း အိမ်ရှင်ဖြစ်သူ လုံးနု မှ ညသန်ခေါင်ယံချိန်ထိ မရှာပေးနိုင်ထိအဆုံးတွင်  ၎င်းတို့အဖွဲ့သည် ကုန်းပတ်ရွာသို့ ဦးတည်ထွက်သွားပြီး ကုန်းပတ်ရွာသားအား ယာဘ ရှာဝယ်ပေးရန်ထပ်မံခိုင်းစေခဲ့ ကြကြောင်း ထိုရွာသားမှရှာမပေးနိုင်သဖြင့် ကုန်းပတ်ရွာသားထံမှ ငွေကျပ် ၁ သောင်း တောင်းရမ်းကာ ဘီယာထပ်မံဝယ်တိုက်ခိုင်းစေခဲ့ပြီးနောက် ၎င်းတပ်ရှိရာ ပန်ကတ်တို့ ပြန်လည်ထွက်သွားကြောင်း သတင်းရရှိပါတယ်။

Taifreedom

 

 

 

primi sui motori con e-max
You are here: Home သတင်း နိုင်ငံရေး News ကျေးသီးမြို့နယ်၌ အစိုးရ၏စစ်တပ် ဒေသခံပြည်သူများထံမှ မတရား ငွေညစ်တောင်းရမ်းကာ ယာဘစိတ်ကြွဆေးပြားဝယ်ပေးရန်ခိုင်းစေ