Taifreedom

JMC-S ၏ ၉ ကြိမ်မြောက်အစည်းအဝေးကို ခိုလမ်မြို့တွင် ကျင်းပ

သျှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S (Shan) ၏ ၉ ကြိမ်မြောက် အစည်းအဝေးကို သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့ JMC-S (ခိုလမ်) ရုံးတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိ။



JMC-S (Shan) ၏ ၉ ကြိမ်မြောက်အစည်းအဝေးကို  ယနေ့ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ နေ့လည် ၁:၀၀ နာရီ မှ ၃:၀၀ နာရီထိ ကျင်းပခဲ့ပြီး ထိုအစည်းအဝေးတွင် JMC-S ဥက္ကဋ္ဌ ဗိုလ်ချုပ်သန်းလှိုင် (အစိုးရတပ်မတော်) ၊ JMC-S ဒုတိယ ဥက္ကဋ္ဌ-၁ ဗိုလ်မှူးကြီး စိုင်းဟန် (RCSS) နှင့် ဒုတိယ ဥက္ကဋ္ဌ-၂ ဦးဝင်းတင့် (အရပ်သားကိုယ်စားလှယ်) တို့မှ တက်ရောက်အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ထိုအစည်းအဝေးတွင် JMC-S (Shan)  အဖွဲ့ဝင်အဖြစ် ဗိုလ်မှူးကြီး စိုးမိုးအောင် အစား သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင် အား ၈ ကြိမ်မြောက် JMC-S အစည်းအဝေးမှ စတင်၍ အစားထိုးခြင်းအား အသိအမှတ်ပြုခြင်း နှင့် ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ မိုင်းကိုင်မြို့နယ် ၊ လဲချားမြို့နယ် ၊ ပင်လုံမြို့နယ် နှင့် နမ့်စန်မြို့နယ်တို့တွင် ကျင်းပပြီးစီးခဲ့သော လူထုတွေ့ဆုံပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း နှင့် JMC-S(Shan) ၏ ပူးတွဲ ဘဏ်အကောင့် ဖွင့်လှစ်ခြင်းကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် JMC-S (Shan) ၏ ၈ ကြိမ်မြောက်နှင့်  ၉ ကြိမ်မြောက်အစည်းအဝေးကြားကာလအတွင်း တင်ပြခဲ့သော ကန့်ကွက်ချက်/တိုင်ကြားချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ နှင့် ၁၀ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပမည့် အချိန် ၊ နေ့ရက် နှင့် နေရာ သတ်မှတ်ခြင်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။



JMC-S (Shan) ၏ ၉ ကြိမ်မြောက် အစည်းအဝေးသို့ JMC-S ဥက္ကဋ္ဌ ဗိုလ်ချုပ် သန်းလှိုင် ၊ JMC-S ဒုတိယ ဥက္ကဋ္ဌ-၁ ဗိုလ်မှူးကြီး စိုင်းဟန် (RCSS) ၊ JMC-S ဒုဥက္ကဋ္ဌ-၂ ဦးဝင်းတင့် ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင် ၊ သျှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစိုးစိုးဇော် ၊သျှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် အောင်အောင် ၊ RCSS တောင်ကြီး ဆက်ဆံရေးရုံးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး ၊ RCSS ခိုလမ်ဆက်ဆံရေးရုံးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဒေဝိန် ၊ PNLO မှ ဗဟိုကော်မတီဝင် ဗိုလ်မှူး နန်းဖြူပြာ ၊ အရပ်သားကိုယ်စားလှယ် ဒေါ်နန်းဆွေနွယ်ဝင်း ၊ ဒေါ်စိန်ချယ် ၊ ခွန်စိုးထွန်းအောင် နှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တို့မှ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ထို့အပြင် ၎င်း ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီမှ မွန်းတည့် ၁၂:၀၀ နာရီထိ JMC-S (Shan) ကော်မတီဝင်အဖွဲ့သည် သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့ TSC-S ခိုလမ်ရုံးအစည်းအဝေးခန်းမ၌ နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်မှ လာရောက်သော UN Technical Needs Assessment (TNA) မှ Mr. Ajay Sethi  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ JMC လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် UN ဘက်မှ ပံ့ပိုးပေးနိုင်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

Taifreedom

primi sui motori con e-max
You are here: Home သတင်း နိုင်ငံရေး JMC-S ၏ ၉ ကြိမ်မြောက်အစည်းအဝေးကို ခိုလမ်မြို့တွင် ကျင်းပ