Taifreedom

Welcome Taifreedom

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် ကျင်းပမည့် သျှမ်းရိုးရာနှစ်သစ်ကူးပွဲတော် အစီအစည်

မကြာမီ ရောက်လာတော့မည့် သျှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်ကို သျှမ်းပြည်မြို့တော် တောင်ကြီးမြို့ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိ။

သျှမ်းနှစ်၂၁၀၉ နှစ်၏ နှစ်သစ်ကို ကြိုဆိုပွဲ၊ ပွဲတော်အစီအစဉ်မှာ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၉းဝ၀နာရီအချိန်တွင် တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်း၌ ပွဲတော်အခမ်းအနားဖွင့်လှစ်ပြီး ၂၁ ရက်နေ့ နံနက် ၉းဝ၀ နာရီတွင် ကျိုင်းတုံကျောင်း၊မင်းကျောင်းတို့မှ သျှမ်းစာပေယဉ်ကျေးမှု အသင်းတိုက်သို့ အလှူပဒေသာ ပင်များလှည့်လည်သွားမည်ဖြစ်ပြီး (တန်ဆောင်မုန်းလကွယ်ည) သန်းခေါင်ယံအချိန် ည ၁၂းဝ၀နာရီအချိန်တွင် ကျရောက်လာတော့မည့် သျှမ်းနှစ်၂၁၀၉ နှစ်သစ်ကို ကြိုဆို သွားမည်ဖြစ်ကြောင်းနှင့် ၂၂ ရက်နေ့ နံနက်တွင် သံဃာတော်များပင့်ပြီး ဆွမ်း၊ သင်္ကန်းနှင့် အလှူပစ္စည်းများကို သျှမ်းစာပေယဉ်ကျေးမှုအသင်းသိုက်၌ ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

သျှမ်းရိုးရာနှစ်သစ်ကူးပွဲတော်ကို သျှမ်းပြည်၏ မြို့တော် တောင်ကြီးမြို့တွင် နိုဝင်ဘာလ ၁၈ ရက်နေ့မှ စ၍ ၂၅ ရက်နေ့ထိ ၇ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း။

သျှမ်းရိုးရာနှစ်သစ်ကူးပွဲတော်ကို သျှမ်းပြည်အတွင်း၌ အလှည့်ကျ ကျင်းပရာ လွန်ခဲ့သည့်၂၀၁၂ ခုနှစ် သျှမ်းသက္ကရာဇ် ၂၁၀၇ ခုနှစ်တွင် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးဖြစ်ကြောင်း နှင့် လာမည့်နှစ် ၂၁၁၀ နှစ်သစ်ကူးတွင် သျှမ်းပြည်မြောက်ပိုင်းလားရှိူးတွင် ကျင်းပသွားနိုင်ဖွယ်ရှိကြောင်း သတင်းရရှိပါတယ်။

Taifreedom

 

 

 

primi sui motori con e-max
You are here: Home News သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် ကျင်းပမည့် သျှမ်းရိုးရာနှစ်သစ်ကူးပွဲတော် အစီအစည်